Monday, September 7, 2009

(2) အငယ်ဆုံးဖြစ်သော ဗြမုဒ္ဒရီမင်း သည် ထောင့်ကွာမြို့ တည်တော်မူခြင်း အကြောင်း


(၁၀)ပါးသော မင်းတို့တွင် အငယ်ဆုံးဖြစ်သော ဗြမူဒ္ဒရီမင်းသည် နော်တော်များ၏ အမွေဖြစ်သော ထီးနန်းကို အုပ်စိုးတော်မူ၍ (၂)နှစ် ရှိသောအခါ ယင်းသို့အကြံရှိလေ၏။ လူတို့မည်သည် လယ်ယာစပါး၊ ဆန်၊ ရေပေါများ၍ သူဌေး၊ သူကြွယ်၊ ကုန်သွယ်၊ လယ်ယာအစ ရှိသော သူတို့ပေါများခဲ့လျှင် တိုင်းပြည်ကြီးသည် အစဉ်ထာဝရ သာယာနိုင်မည်ဟု အကြံတော်ဖြစ်ပြီးလျှင် ထိုကြက္ကလင်းမြို့၏ အရှေ့သို့တက်၍ မြို့သစ်တည်လိုသည်ဟု မှူးမှတ်၊ ပညာရှိတို့နှင် တိုင်ပင်၍ သက္ကရာဇ် (၂၆၃) ခုနှစ်တွင် စစ်သည်၊ ဗိုလ်ပါတို့နှင့် မြိုတည်ရန်မြေကို ရှာကြ လေသော် အကျော်၊ စမ္ပာ၊ ကရမက်မှစ၍ နံ့သာတောသို့ရောက်ကြ၏။

ထိုတောသို့ရောက်ကြလေလျှင် တောင်စောင့်နတ်သည် ကြံကြီး ယောင်ဆောင်၍ မင်းကြီးနှင့်တကွသော စစ် သည်ဗိုလ်ပါတို့ကို အယောင်ပြလေ၏။ ထိုအခါ မင်းကြီးနှင့် တကွသော လူအပေါင်းတို့သည် ထိုကြံကြီနောက် သို့ လိုက်ကြလေလျှင် ကြံကြီးသည် တဖြည်းဖြည်းဝေး၍ ကွယ်ပျောက်သွားလေ၏။ ထိုအခါမင်းနှင့်တကွ အတူပါ လာသော မှူးမှတ် ပညာရှိတို့သည် ငါတို့အရှင်သခင် မင်းတရားကြီး၏ ကြံတော်ကို နတ်တို့သိ၍ ဤနေရာသို့ ရောက်အောင် ကြံယောင်ဆောင်ပြလာပေသည်။ သို့ဖြစ်၍ မြို့တည်ရန် သင့်လျော်ပေသည်ဟု တိုင်ပင်ကြပြီး မင်းကြီးအား လျှောက်ထားကြလေသည်။ မင်းကြီးလည်း မှူးမှတ် ပညာရှိတို့လျှောက်ထား သောစကားကို ကြား သိတော်မူရလျှင် များစွာ ၀မ်းမြောက်အားရတော်မူ၍ သက္ကရာဇ် (၂၆၃) ခုနှစ်ကစ၍ မြို့သစ် တည်တော် မူပြီး လျှင် ထီနန်းစိုက်ထူ မင်းလုပ်တော်မူလေသည်။ ထိုမြို့ကို ကြံကြီး တဖြည်းဖြည်း ကွားလှမ်း၍ ပျောက်သော ကြောင့် ထောင့်ကွာမြို့ဟု သမိုင်းတွင်လေသည်။ နောင်စကားရွေ့၍ ထောင့်ကွယ်မြို့ဟု ယခုအထိ ခေါ်ဝေါ်ခြင်း ပြုကြလေသည်။ ထိုထောင့်ကွာမြို့ကြီးတွင် အကျော်၊ စမ္ပါ၊ နံ့သာ၊ ကရမက်၊ ခဲ၊ ကျောက်သံပတ္တမြား အစရှိသော ရတနာတို့သည် ယူ၍မကုန်နိုင်အောင် ပေါများလေသည်။ ထိုအခါ အနောက် မဇ္ဈိမတိုင်းသို့ ဆောင်ယူသွားကြ လေသည်။ မဇ္ဈိမတိုင်းက ထွက်သော အ၀တ်ပုဆိုးအမျိုးမျိုး၊ ခေါမ၊ ရောမ၊ ကောတုန်ပရစ်တိုင်းမှထွက်သော အ၀တ်ကောင်း၊ အထည်ကောင်းများ ဆောင်ယူလာကြ၍ ၍ ထိုထောင့်ကွာမြို့ကြီးတွင် ကုန်သည်၊ သူဌေးတို့သည် အသီးသီး တိုက်ကြီး၊ အိမ်ကြီးတို့ကို ဆောက်လုပ်၍ ကုန်များစွာတို့ကို ကူသန်းရောင်းချလျက် နေထိုင်ကြလေ၏။

ထိုထောင့်ကွာမြို့တွင် ယခုအထိထင်ပေါ် ကျော်ဇော်လျက်ရှိသော ကောသမ္ဘီတိုက်ကြီးသည် အနောက် မဇ္ဈိမတိုင်းပြည်က ကုန်သည်သူဌေးတို့ဆောက်လုပ်သော တိုက်ဖြစ်၏။ ထိုတိုက်သည် ယခု ဥစ္စာတိုက်ဖြစ်လျက် ပ၀ချောင်းဖျား တွင် ကောသမ္ဘီတိုက် ဟု ယခုအထိရှိလေသည်။ ထိုထောင်ကွာမြို့တွင် ဗြမုဒ္ဒရီမင်းမှစ၍ မင်းပေါင်း (၄၉) ယောက်သော မင်းတို့သည် နှစ်ပေါင်း (၂၅၀) ထီးနန်းမညှိုး စိုးအုပ်တော်မူကြလေ၏။



ဆက်ရန်

ဘာမှန်းမသိဖြစ်နေတယ်


အပိုင်း (၁) တော့ဖတ်ပြီးသွားကြပြီဆိုတော့၊ ဘိတ်ဆိုတာဘာမှန်းမသိဖြစ်နေဦးမယ်ထင်ပါတယ်။ ဆက်ဖတ် လိုက်ပါဦး ဖတ်လေဖတ်လေ ပေါ်လာလိမ့်မယ် (ဘိတ်အကြောင်းကိုပြောတာ)။ ကဲ...............ဆက်ပြီးဖတ် လိုက်ကြပါဦး။

Friday, September 4, 2009

(1) ယောနကတိုင်း ကျမိုင်းမင်းကြီးနှင့်တကွ သားတော်၊ မြေးတော် အစဉ်အဆက် မြို့ရွာတည်တော်မူခြင်းအကြောင်း



ကောဇာသက္ကရာဇ် (၅၈)ခုနှစ်၊ ယောနကတိုင်း သာရဂပြည်ကျမိုင်းမြို့တော်တွင် ကျမိုင်းအမည်ရှိတဲ့ မင်းသည် ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူ၏။ ထို ကျမိုင်းမင်းကြီး၏ တောင်နန်းစံ မိဖုရားတွင် သားတော် (၁၀)ပါး၊ မြောက်နန်းစံ မိဖုရားကြီးတွင်းလည်း သားတော် (၁၀)ပါး ဖွားမြင်တ်ာမူ၏။ စုစုပေါင်း သားတော်ချည်းပဲ အပါး (၂၀)ဖွားမြင်တော်မူ၏။



ထိုသားတော်များ အရွယ်ရောက်ကြသော် ခမည်းတော်၊ မယ်တော်တို့ကို ရှိခိုးပြီးလျှင် မြို့ရွာအသစ်တည်ရန် လျှောက်ထားကြရာ၊ ခွင့်ပြုတော်မူသဖြင့် သက္ကရာဇ် (၁၁၇)ခုနှစ်တွင် ကောဘိန်း အရပ်တွင် နော်တော်ကြီးသည် ထီးနန်းအုပ်ချူပ် မင်းလုပ်တော်မူ၏။ ထိုမြို့၏ အမည်မှာ ရမ္မာပူရ (သို့) ရမ္မာတီ ဟုအမည် နှစ်ခုတွင်လေ၏။ ထိုနောင်တော်ကြီး၏ တောင်နန်းစံ မိဖုရားကြီးဝမ်းမှ သားတော် (၁၀)ပါး ဖွားမြင်တော်မူ၏။ ထိုသားတော်တို့ အရွယ်ရောက်ကြသော် နောင်တော်ညီတော်တို့သည်တိုင်ပင်ကြလေကုန်၏။ ဤဇမ္ဗူဒီပါလက်ယာတောင်ကျွန်းတွင် ရေမြေကျယ်ဝန်းလှ၏။ မြို့၊ ရွာ တည်လို၍ မြေရှာထွက်ရန် လှေ၊ ကတ္တူ၊ ရွက်သင်္ဘောတို့ကိုစီမံကြပြီး နောင်တော်၊ ညီတော် မင်းသား (၁၀)ပါးတို့ ထွက်လာကြရာ ရေစောင့်နတ်တို့က စောင်မကြည့်ရှုကြ၍ တောင်အရပ်သို့ လှေ၊ ကတ္တူ၊ ရွက်သင်္ဘောတို့ကို လွင့်စေလေ၏။



ရှေးဦးစွာ ကျွန်းတကျွန်းသို့ ရောက်၍တက်ကြပြီး မြို့တည်ရန် မြေရာဌာနကိုကြည့်ကြရာ မြေပြင်ညီညွတ်စွာရှိပြီး စည်၏မျက်နှာကဲ့သို့ ညီညာသောမြေကိုတွေ့ရှိကြသောအခါ မင်းသား (၁၀)ပါးတို့သည် တိုင်ပင်ကြ၍ သက္ကရ် (၁၄၅)ခုနှစ်တွင် မြို့တည်လေသည်။



ထိုမြို့တွင် အကြီးဆုံးမင်းသားက ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူ၏။ ထိုမြို့ကို ကြက္ကလင်းမြို့ တော်ဟု တွင်လေ၏။



ထိုမြို့တော်တွင် (၁၀)ပါး သောမင်းသားတို့သည် အစဉ်အဆက် ထီးနန်းအုပ်ချုပ် မင်းလုပ်တော်မူ ကြလေ၏။ ထိုကြက္ကလင်းမြို့၏ အရှေ့ဘက်ကျသော တောတောင်တို့၌ အကျော်၊ စမ္ပာ၊ ကရမက် အစရှိသော နံ့သာတောတို့သည် များစွားပေါများသော တောကြီးတောင်ကြီးတို့ရှိ၏။ ခဲမဖြူ၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား အစရှိသော ရတနာတို့ထွက်သော ချောင်း၊ မြောင်း၊ ရှိုင်ကြီး၊ မြိုင်ကြီးတို့သည် များစွာရှိကုန်၏။ ထိုမြို့၏ မြောက်ဘက်ကျသော ကျွန်းကြီး၊ ကျွန်းငယ်တို့မှာ ရေမှဖြစ်သော မုတ်၊ ပုလဲ ရတနာနှင့်တကွ လက်ယာရစ် ခရုသင်းတို့သည် များစွားပေါများ၏။ ရှမ်းပသျှူးလူမျိုးတို့သည် ပင်လယ်မှဖြစ်သော ပုလဲရတနာတို့ကို ကိရိယာတန်ဆာအမျိုးမျိုးဖြင့် ရေအောက်သို့ငုပ်ယူကြပြီးလျှင် သူဌေး၊ သူကြွယ်တို့ကိုရောင်းချလေ၏။ သူကြွယ်တို့သည် အချို့သောပုလဲ၊ ရတနာတို့ကို မင်းအားဆက်သကြလေ၏။ အချို့ကို ရွက်သင်္ဘော တို့နှင့် အရပ်ရပ်သောတိုင်းကြီး၊ ပြည်ကြီး၊ မြို့ရွာတို့ကို လှည့်လည်ရင်းနှီး ကုန်သွယ်လုပ်ကိုင်ခြင်းပြုပြီးလျှင် နေထိုင်ကြလေ၏။



ထိုကြက္ကလင်းမြို့တော်တွင် မင်းဆက် (၁၀)ဆက် နှစ်ပေါင်း (၁၄၅)နှစ် ထီးနန်းအုပ်ချူပ်၍ မင်းလုပ်တော်မူကြလေ၏။
ဆက်ရန်

ကျွန်တော်မသိခဲ့သော ဘိတ် အကြောင်း






အခုတော့သိသွားပါပြီ။ အထင်မကြီးလိုက်ပါနဲ့ဦး။ စာအုပ်ဖတ်ပြီးသိလိုက်တာဗျ။ အချိန်ရသလောက်တော့ ဒီ blog မှာ ဘိတ်ရာဇ၀င်ကို ရေးသွားလိုက်ပါ့မယ်။ မသိသေးတဲ့သူတွေအတွက် ပါသိရအောင်လို့ပါ။
ဒီစာအုပ်ကို ဆရာကြီး ဦးကြီးစိန် ကရေးသားခဲ့တာဖြစ်တယ်။ ဒီကနေ ဖတ်ပြီး ဒီအထဲကအကြောင်းကို copy 2 past လုပ်လိုက်တာပဲဗျ။

အပိုင်းတွေက အများကြီးပဲဗျ၊ နည်းနည်းချင်းရေးပြီးတင်သွားလိုက်ပါ့မယ်။

Saturday, August 29, 2009

ဘိတ်ရာဇ၀င်တော်ကြီး


ကျွန်တော်အချိန်ရရင်
ဘိတ်ရာဇ၀င်
ကိုရေးမယ်လို့ စိတ်
ကူးထားတယ်။
လောလောဆယ်တော့
မအားသေးလို့ပါ။

Thursday, August 27, 2009

ရွှေသာလျှောင်း

ဘိတ်မြို့ ရဲ့မျက်နှာချင်းဆိုင် ပထက်ကျွန်းရှိ ဗုဒ္ဓရုပ်ပွားတော်

Thursday, August 20, 2009

အခုမှပဲ စလုပ်ဖြစ်တော့တယ်

ဒီ blog လေးလုပ်ဖို့စိတ်ကူးရှိနေခဲ့တာကြာပြီ။

အခုမှပဲ စလုပ်ဖြစ်တော့တယ်။ ဘိတ် (မြိတ်) နှင့်ပါတ်သက်ပြီး ကြုံခဲ့တာ၊ ကြားခဲ့တာ၊ သူများပြောတာ မှန်သမျှ သေချာရင် ဒီနေရာမှာရေးမယ်လို့ စိတ်ကူးထားတယ် (စိတ်ကူးသက်သက်ပါ)။ ဒီ blog ကနေပြီး၊ သတင်းဖလှယ် ယူမယ့် ရည်ရွယ်ချက်လေးပါ။

ဒီ blog ကိုလာရောက်လည်ပါတ်တဲ့ အပေါင်းအသင်းရောင်းရင်းတို့ လည်း (ဘိတ်)နှင့် ပါတ်သက်တဲ့ ထူးခြားတဲ့ အကြောင်းတွေကို mr.myeikthar@gmail.com ကို share ပေးထားပေးကြပါ။